Sunday, July 8, 2012
မြန်မာ ပြက္ခဒိန် တွက်နည်း (၃)
ပြီးခဲ့သော ပို့စ်တွင် ရာသီများ၊ စန်းယှဉ်နက္ခတ်များ စသည်ဖြင့် ရေးသားဖော်ပြခဲ့ရာ ထိုအခေါ်အဝေါ်များကို နက္ခတ္တ ဗေဒပညာ မလိုက်စားဖူးသူ၊ ဗေဒင်ပညာမဆည်းပူးဖူးသူ သာမန်စာဖတ်ပရိသတ်အနေနှင့် နားလည်နိုင်မည်မဟုတ်ပါ။ ကျွန်တော် ဤစာအုပ်ရေးခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ ပြက္ခဒိန်ပညာကို နက္ခတ္တဗေဒ၊ ဗေဒင်စသည်တို့နှင့်မနီးစပ်သော သာမန်လူများ နားလည်နိုင်ရန် ကြိုးစားရေးသားရန် ရည်ရွယ်သဖြင့် ဤအခေါ်အဝေါ်များအကြောင်း ရှင်းပြရန် လိုပါလိမ့်မည်။
           ကောင်းကင်၌ တည်ရှိနေသော ရာသီရုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ သို့သော် ထိုအရုပ်များမှာ ကြယ်များကို စိတ်ကူးဖြင့် မှန်းဆွဲထားခြင်းဖြစ်ပြီး လက်တွေ့တွင် ကြယ်များ၏ အနေအထားမှာ အောက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပါသည်။
ကမ္ဘာကိုပတ်နေသော နေသွားလမ်းကြောင်း အနီးအနားမှ ကြယ်စုများကို စိတ်ကူးဖြင့် အရုပ်များပုံဖော်ကာ နာမည်များ ပေးထားပါသည်။ ဤသည်ကို ရာသီစက်ဟု ခေါ်၏။ ရာသီစက်တစ်ပါတ်လျှင် ၃၆၀ အံသာ (၃၆၀ ဒီဂရီ) ရှိသဖြင့် ၁၂ ရာသီအညီအမျှ ခွဲဝေလိုက်သောအခါ တစ်ရာသီလျှင် ၃၀ အံသာစီ ရှိပါသည်။ သို့သော် စာတွေ့အရသာ တစ်ရာသီလျှင် ၃၀ အံသာ အညီအမျှရှိသော်လည်း လက်တွေ့တွင်မူ ရာသီတစ်ခုချင်းတွင်ပါဝင်သော ကြယ်အလုံးရေ မတူသကဲ့သို့ ကောင်းကင်တွင် တကယ်နေရာယူထားသော အကျယ်အ၀န်းမှာလည်း မတူပါ။ သို့သော်လည်း စာတွေ့နှင့် လက်တွေ့ အလွန်အမင်းမကွာခြားရလေအောင် နက္ခတ်ပညာရှင်ကြီးများက အတတ်နိုင်ဆုံး ညှိနှိုင်းထားရာ တစ်ရာသီတွင်ရှိသော သာဝန ရက်များမှာ သိပ်မကွာလှပါ။ အောက်ပါဇယားတွင်ကြည့်ပါ။ ထိုရက်များမှာ ၂၉.၄၅ မှ ၃၁.၄၅ အတွင်းရှိကြောင်း တွေ့နိုင် ပါသည်။ ရှင်းပါအံ့။
            ထိုရာသီရုပ်တစ်ခုရှိသောနေရာကို နေမင်းဖြတ်သန်းသွားရန်ကြာချိန်ကို သာဝနရက်ဟု ခေါ်ပါသည်။ တစ်နည်းအား ဖြင့်လည်း ကမ္ဘာလုံးကြီးသည် မိမိဝင်ရိုးပေါ်တွင် မိမိလည်ပတ်လျှက် နေမင်းကြီးကို လှည့်ပတ်သွားလာ လျှက်ရှိရာ နေမင်းကြီး ကို တစ်ပတ်ပတ်မိရန်၊ သို့မဟုတ် ရာသီစက်ဝန်းကို တစ်ပတ်ပတ်မိရန် ၃၆၅ ရက်ကြာ၏။ ရာသီခွင်များအတွင်းရှိ သာဝနရက် ဟူသည်မှာ ဤရာသီခွင်ကို ဖြတ်သန်းသွားရန်ကြာမည့် ကမ္ဘာလုံး၏ ခရီးတာပင် ဖြစ်ပါသည်။
၁၊ ၅။ နက္ခတ်
            မြန်မာပြက္ခဒိန်တွက်ရာတွင် နက္ခတ်များသည်လည်း အရေးကြီးသော နေရာမှပါဝင်နေပါသည်။ အဘယ်ကြောင့် ဆိုသော် လထပ်ခြင်းကို ဆုံးဖြတ်ရာတွင် ဒုတိယ၀ါဆိုလပြည့်နေ့သည် အာသဠှီနက္ခတ်နှင့်ယှဉ်ရမည်ဟု စည်းကမ်းချက် ထုတ်ထားသောကြောင့် ဖြစ်၏။ သို့ဆိုလျှင် နက္ခတ်များ၏ တည်နေရာကို အတိအကျသိဘို့လိုပေသည်။ ထို့ပြင် တန်ခူး မိဿ၊ စိတြ၊ လနှင့်ယှဉ်ပြိုင်ထွန်း ဟု စန်းယှဉ်နက္ခတ်များကို စပ်ဆိုထားရာ တန်ခူးလပြည့်နေ့သည် စိတြနက္ခတ်နှင့် စန်းယှဉ်ရန် လိုပါသည်။
ရာဇမတ္တဏ်ကျမ်းလာ လပြည့်စန်းယှဉ် နက္ခတ်များ
မြန်မာလအမည်
ရာသီလအမည်
စန်းယှဉ်နက္ခတ်
တန်ခူး
မိဿ
စိတြ
ကဆုန်
ပြိဿ
ဝိသာခါ
နယုန်
မေထုန်
ဇေဋ္ဌ
ဝါဆို
ကြဋ်
ပြုပ္ပါသဠ်
ဝါခေါင်
သိဟ်
သရ၀ဏ်
တော်သလင်း
ကန်
သတ္တဗိသျှ
သီတင်းကျွတ်
တူ
ရေ၀တီ
တန်ဆောင်မုန်း
ၿဗိစ ၦာ
ၾကတိၱကာ
နတ်တော်
ဓနု
မိဂသီ
ပြာသို
မကာရ
ပုဏ္ဏဗသု
တပို့တွဲ
ကုမ်
အဿလိဿ
တပေါင်း
မိန်
ပြုပ္ပာဘရဂုဏီ
            ရာသီစက်ဝိုင်းတွင် နက္ခတ် ၂၇ လုံးရှိပြီး ၎င်းတို့၏ တည်နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ သို့သော် ကျမ်းစာအမျိုးမျိုး၌ နက္ခတ်များ၏ တည်နေရာကို အမျိုးမျိုးပြဆိုထား၏။ ကျွန်တော့်အယူအဆကို ပြောရပါမူ နက္ခတ္တဗေဒ အရာတွင် အရှေ့တိုင်းထက် နည်းပညာပိုမိုတိုးတက်သော၊ ပိုမိုတိကျမှန်ကန်သောအနောက်တိုင်း နက္ခတ်ကျမ်းများ၏ ဖော်ပြချက်များကိုသာ လက်ခံလိုပါသည်။ ဤတွင် ယှဉ်တွဲလေ့လာနိုင်ကြစေရန် ဘက်စုံထုတ်နှုတ်ဖော်ပြထားပါသည်။
            နက္ခတ်တစ်လုံးလျှင် ၄ ပါဒ် ရှိ၏။ ထို့ကြောင့် ၁၂ ရာသီအတွက် နက္ခတ် ၂၇ လုံး x ၄ = ၁၀၈ ပါဒ် ဖြစ်၏။ ဗေဒင် လောကတွင် ၎င်းကို ၁၀၈ န၀င်းဟုလည်း ခေါ်သည်။ နက္ခတ် ၂၇ လုံးကို ၁၂ ရာသီတွင် အညီအမျှ ခွဲဝေလိုက်သော် တစ်ရာသီ တွင် နက္ခတ် ၂ လုံးနှင့် ၁ ပါဒ်၊ သို့မဟုတ် ၉ ပါဒ် ရ၏။ ထို့ကြောင့် မိဿရာသီတွင် အဿဝဏီ၊ ဘရဏီ၊ ကြတ္တိကာနက္ခတ် ပထမပါဒ်၊ ပြိဿရာသီ တွင် ကြတ္တိကာနက္ခတ်၏ ကျန်သုံးပါဒ်၊ ရောဟိဏီနက္ခတ်၊ မိဂသီနက္ခတ်မှ ပထမနှင့် ဒုတိယပါဒ်တို့ ပါဝင်သည်။ မေထုန်ရာသီတွင် မိဂသီနက္ခတ်မှ ကျန် ၂ ပါဒ်၊ အဒြနက္ခတ်၊ ပုဏ္ဏဖုသျှနက္ခတ်မှ ၃ ပါဒ် တို့ပါဝင်သည်။ ကြဋ်ရာသီ တွင် ပုဏ္ဏဖုသျှနက္ခတ်မှ ကျန်သော ၁ ပါဒ်၊ ဖုသျှနက္ခတ် နှင့် အဿလိဿ နက္ခတ်တို့ ပါဝင်သည်။ သို့အတွက် ကြဋ်ရာသီတွင် နက္ခတ်တစ်လုံး၏ အစွန်းထွက် ပါဒ်မရှိ။ ၎င်းကို ပါဒ်သုဉ်းဟု ခေါ်သည်။ အထက်တွင်ဖော်ပြခဲ့သော နက္ခတ်စက်ဝန်း၌ တတိယ၊ စတုတ္ထနှင့် အတွင်းဆုံးစက်ဝန်းများသည် အဆိုပါ နက္ခတ်များခွဲဝေပုံနှင့် ပါဒ်သုံးနေရာ (၉/၀။ ၁၈/၀။ ၂၇/၀) တို့ကို ပြထားခြင်း ဖြစ်ပါသည်။ ဗေဒင်အလိုအရ ဤ ပါဒ်သုဉ်းသည့်နေရာများကား အလွန်အန္တရာယ်များသည့် နေရာများဖြစ်၏။ ထိုနေရာများကို နက္ခတ်စက်ဝန်း၏ တတိယစက်ဝန်းတွင် ပါဒ်ပါဒ်ခြောက်ခု မြွေပွေးတု၏ အဖြေဟု ဖော်ပြထားပါသည်။
သို့သော်လည်း ကောင်းကင်မှ ကြယ်များဟူသည် လူများပုံဆွဲထားသကဲ့သို့ အကွာအဝေး အတိအကျရှိနေသည်
မဟုတ်။ ထိုနက္ခတ်များမှာ ရာသီကြယ်စုများအတွင်းတွင်ပင် ရှိပါသည်။ အောက်တွင် ဖော်ပြထားသော နက္ခတ်များ တည်နေရာ ပုံကို လေ့လာကြည့်ပါ။ နက္ခတ်များမှာ စိတ်သည့်နေရာကစိတ်၊ ကျဲသည့်နေရာက ကျဲ ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။
ဗေဒင်
သူရိယ ၁
သူရိယ ၂
သူရိယ ၃
အိန္ဒိယ
အိန္ဒိယ
BS(သာယန)
စဉ်
နက္ခတ်အမည်
အံသာ-လိတ္တာ
အံသာ-လိတ္တာ
အံသာ-လိတ္တာ
အံသာ-လိတ္တာ
အံသာ-လိတ္တာ
နာရီ၊ မိနစ်
နာရီ၊ မိနစ်
အဿဝဏီ
ဝ - ဝ
ဝ - ၁၈
 ၈ - ၁၈
 ၈ - ၃၀
 ၁၈ - ၀၇
 ၀ - ၀၀
 ၂ - ၀၇
ဘရဏီ
၁၃ - ၂၀
၁၈ - ၁၀
၁၈ - ၁၀
၁၈ - ၃၂
၂၇ - ၂၁
ဝ - ၅၅
၂ - ၄၃
ကြတ္တိကာ
၂၆ - ၄၀
၃၄- ၁၆
၃၄- ၁၆
၃၃- ၃၅
၃၆- ၀၈
၁- ၅၃
၃- ၄၇
ရောဟိဏီ
၄၀ - ဝ
၄၆ - ၁၂
၄၆ - ၁၂
၄၅ - ၃၆
၄၅ - ၅၆
၂ - ၄၁
၎ - ၃၆
မိဂသီ
၅၃ - ၂၀
၆၁ - ၁၄
၆၁ - ၁၄
၆၀ - ၂၄
၅၉ - ၅၁
၃ - ၄၁
၅ - ၃၅
အဒြ
၆၆ - ၄၀
၆၅ - ၅
၆၅ - ၀၅
၆၅ - ၁၀
၆၄ - ၅၄
၎ - ၀၁
၅ - ၅၅
ပုဏ္ဏဗသု
၈၀ - ဝ
၉၂ - ၂၇
၉၂ - ၂၇
၉၁ - ၅၉
၈၉ - ၂၂
၅ - ၅၀
၇ - ၄၅
ဖုသျှ
၉၃ - ၂၀
၁၀၆ - ၁၄
၁၀၆ - ၁၄
၁၀၇ - ၃၂
၁၀၄ - ၅၂
၆ - ၅၀
၈ - ၄၄
အသလိဿ
၁၀၆ - ၄၀
၁၁၈ - ၁၂
၁၀၈ - ၁၂
၁၀၈ - ၁၇
၁၀၉ - ၄၇
၆ - ၅၂
၈ - ၄၇
၁၀
မာဃ
၁၂၀ - ဝ
၁၂၉ - ၁၁
၁၂၉ - ၁၁
၁၂၉ - ၀၆
၁၂၅ - ၅၈
၈ - ၁၄
၁၀ - ၀၈
၁၁
ပြုပ္ပါဘရဂုဏီ
၁၃၃ - ၂၀
၁၄၅ - ၁၆
၁၄၅ - ၁၆
၁၄၅ - ၃၈
၁၃၇ - ၂၇
၉ - ၂၀
၁၁ - ၁၄
၁၂
ဥတြဘရဂုဏီ
၁၄၆ - ၄၀
၁၅၄ - ၉
၁၅၄ - ၀၉
၁၅၃ - ၂၅
၁၄၇ - ၄၅
၉ - ၅၅
၁၁ - ၄၉
၁၃
ဟဿတ
၁၆၀ - ဝ
၁၆၄ - ၁၀
၁၆၄ - ၁၀
၁၆၅ - ၂၇
၁၆၉ - ၃၆
၁၀ - ၃၅
၁၂ - ၃၀
၁၄
စိတြ
၁၇၃ - ၂၀
၁၇၉ - ၁၅
၁၇၉ - ၁၅
၁၇၈ - ၁၄
၁၇၉ - ၅၉
၁၁ - ၃၁
၁၃ - ၂၅
၁၅
သွာတိ
၁၈၆ - ၄၀
၁၉၂ - ၁၃
၁၉၂ - ၁၃
၁၉၁ - ၁၆
၁၈၀ - ၂၃
၁၂ - ၂၁
၁၄ - ၁၆
၁၆
ဝိသာခါ
၂၀၀ - ဝ
၂၁၃ - ၁၁
၂၁၃ - ၂၁
၂၀၉ - ၁၀
၂၀၁ - ၁၄
၁၂ - ၅၆
၁၄ - ၅၀
၁၇
အနုရာဓ
၂၁၃ - ၂၀
၂၂၄ - ၁၁
၂၂၄ - ၁၁
၂၁၆ - ၃၅
၂၁၈ - ၄၃
၁၄ - ၀၆
၁၆ - ၀၀
၁၈
ဇေဋ္ဌ
၂၂၆ - ၄၀
၂၂၉ - ၅
၂၂၆ - ၀၅
၂၂၃ - ၂၁
၂၂၅ - ၅၄
၁၄ - ၃၅
၁၆ - ၂၉
၁၉
မူလ
၂၄၀ - ဝ
၂၄၂ - ၁၃
၂၄၂ - ၁၃
၂၄၀ - ၂၄
၂၄၀ - ၄၄
၁၅ - ၃၈
၁၇ - ၃၄
၂၀
ပြုပ္ပါသဠ်
၂၅၃ - ၂၀
၂၅၇ - ၁၅
၂၅၇ - ၁၅
၂၅၇ - ၁၂
၂၅၀ - ၄၄
၁၆ - ၂၆
၁၈ - ၂၁
၂၁
ဥတ္တရာသဠ်
၂၆၆ - ၄၀
၂၆၂ - ၅
၂၆၂ - ၀၅
၂၆၂ - ၀၁
၂၅၈ - ၃၁
၁၇ - ၀၀
၁၉ - ၂၄
၂၂
သရ၀ဏ်
၂၈၀ - ဝ
၂၇၅ - ၁၃
၂၇၅ - ၁၃
၂၇၄ - ၃၀
၂၇၇ - ၅၅
၁၇ - ၅၆
၁၉ - ၅၁
၂၃
ဓနသိဒ္ဓ
၂၉၃ - ၂၀
၂၈၇ - ၁၂
၂၈၇ - ၁၂
၂၈၇ - ၁၄
၂၉၂ - ၂၉
၁၈ - ၄၃
၂၀ - ၃၇
၂၄
သတ္တဘိသျှ
၃၀၆ - ၄၀
၃၁၃ - ၂၆
၃၁၃ - ၂၆
၃၁၄ - ၂၃
၃၁၇ - ၄၃
၂၀ - ၅၈
၂၂ - ၅၂
၂၅
ပြုပ္ပဘဒြပိုဒ်
၃၂၀ - ဝ
၃၂၃ - ၁၀
၃၂၃ - ၁၀
၃၂၃ - ၀၆
၃၂၉ - ၃၈
၂၁ - ၁၀
၂၃ - ၀၅
၂၆
ဥတြဘဒြပိုဒ်
၃၃၃ - ၂၀
၃၃၆ - ၁၆
၃၃၉ - ၁၆
၃၃၉ - ၄၀
၃၄၅ - ၁၈
၂၂ - ၁၉
၀၀ - ၁၃
၂၇
ရေ၀တီ
၃၄၆ - ၄၀
၃၅၀ - ၁၁
၃၅၀ - ၁၁
၃၄၉ - ၁၇
၃၅၆ - ၀၁
၁၃ - ၁၉
၀၁ - ၁၃
သူရိယ ကြန္တီ
အိန္ဒိယ ကြန္တီ
BS ကြန္တီ
စဉ်
နက္ခတ်အမည်
ဒိဂ်
အံသာ-လိတ္တာ
အံသာ-လိတ္တာ
ဒီဂရီ၊ မိနစ်
ခေတ်နက္ခတ်အမည်
အဿဝဏီ
+ ၂၂ - ၀၂
+ ၂၀ - ၃၅
+ ၂၃ - ၃၀
a
Arietis
ဘရဏီ
 + ၂၈ - ၂၂
 + ၂၇ - ၀၅
 + ၂၇ - ၄၂
35
Arietis
ကြတ္တိကာ
 + ၂၂ - ၃၂
 + ၂၃ - ၅၈
 + ၂၄ - ၀၆
h
Tauri
ရောဟိဏီ
 + ၁၅ - ၅၇
 + ၁၆ - ၂၅
 + ၁၆ - ၃၀
a
Tauri
မိဂသီ
 + ၁၀ - ၀၂
 + ၉ - ၅၄
 + ၉ - ၅၄
l
Orions
အဒြ
 + ၈- ၀၂
 + ၇- ၂၄
 + ၇- ၂၄
a
Orions
ပုဏ္ဏဗသု
 + ၂၇ - ၃၂
 + ၂၈ - ၀၀
 + ၂၈
b
Gemirium
ဖုသျှ
 + ၁၈ - ၃၂
 + ၁၈ - ၁၉
 + ၁၈ - ၉
d
Cancri
အသလိဿ
 + ၅ - ၃၂
 + ၆ - ၃၅
 + ၆ - ၂၄
e
Hydrae
၁၀
မာဃ
 + ၁၂ - ၃၂
 + ၁၂ - ၁၁
 + ၁၂ - ၀၀
a
Leonis
၁၁
ပြုပ္ပါဘရဂုဏီ
 + ၂၁ - ၁၂
 + ၂၀ - ၄၆
 + ၂၀ - ၃၀
d
Leonis
၁၂
ဥတြဘရဂုဏီ
 + ၁၅ - ၂၂
 + ၁၄ - ၄၉
 + ၁၄ - ၃၆
b
Leonis
၁၃
ဟဿတ
 - ၁၅ - ၂၈
 - ၁၆ - ၁၆
 - ၁၆ - ၃၀
d
Corvi
၁၄
စိတြ
- ၁၀ - ၅၂
- ၁၀ - ၅၆
- ၁၁ - ၁၂
a
Virginis
၁၅
သွာတိ
+ ၁၆ - ၅၂
+ ၁၉ - ၂၅
+ ၁၉ - ၁၂
a
Bootis
၁၆
ဝိသာခါ
 - ၂၉ - ၂၂
 - ၁၅ - ၅၁
 - ၁၅ - ၅၉
b
Cr:B
၁၇
အနုရာဓ
 - ၂၂ - ၂၈
 - ၂၂ - ၃၀
 - ၂၂ - ၃၆
d
Scorpii
၁၈
ဇေဋ္ဌ
 - ၂၆ - ၂၈
 - ၂၆ - ၂၀
 - ၂၆ - ၂၄
a
Scorpii
၁၉
မူလ
 - ၃၈ - ၃၀
 - ၃၇ - ၀၄
 - ၃၇ - ၆
l
Scorpii
၂၀
ပြုပ္ပါသဠ်
 - ၂၇ - ၀၀
 - ၂၉ - ၅၁
 - ၂၉ - ၄၈
f
Sagaritis
၂၁
ဥတ္တရာသဠ်
 - ၂၈ - ၀၁
 - ၂၆ - ၂၁
 - ၄၀ - ၃၆
V
Sagaritis
၂၂
သရ၀ဏ်
 + ၈ - ၃၂
 + ၈ - ၄၅
 + ၈ - ၅၄
a
Aquilae
၂၃
ဓနသိဒ္ဓ
 + ၁၃ - ၃၂
 + ၁၄ - ၂၆
 + ၁၄ - ၃၅
b
Delphini
၂၄
သတ္တဘိသျှ
 - ၀၀ - ၃၂
 - ၇ - ၄၉
 - ၇ - ၃၄
p
Aquiri
၂၅
ပြုပ္ပဘဒြပိုဒ်
 + ၁၄ - ၃၂
 + ၁၄ - ၅၈
 + ၁၅ - ၁၂
a
Pegasi
၂၆
ဥတြဘဒြပိုဒ်
 + ၁၄ - ၃၂
 + ၁၄ - ၅၆
 + ၁၅ - ၁၂
g
Pegasi
၂၇
ရေ၀တီ
 + ၈ - ၃၂
 + ၇ - ၂၀
 + ၇ - ၃၄
d
Piscium
            အထက်ပါဇယားတွင် ဗေဒင်အံသာ၊ လိတ္တာ ဟူသည် ဗေဒင်တွက်ရာတွင်သုံးသည့် နက္ခတ်များ အနေအထား ဖြစ်ပါသည်။ သူရိယ ၁၊ ၂၊ ၃ ဟူသည်မှာ သူရိယသိဒ္ဓန္တကျမ်းတွင်ဖော်ပြထားသည့် နက္ခတ်များ တည်နေရာဖြစ်ပါသည်။ ကျမ်းစာအုပ်တစ်ခုထဲတွင်ပင် သုံးနေရာဖော်ပြထားရာ သုံးနေရာလုံးမတူသဖြင့် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါသည်။ အိန္ဒိယ ဟူသည် အိန္ဒိယပြက္ခဒိန်သစ်က လက်ခံသုံးစွဲနေသော နက္ခတ်များ၏ တည်နေရာဖြစ်ပါသည်။ BS ဟူသည်မှာ http://www.atlasoftheuniverse.com တွင်ဖော်ပြထားသော The Brightest Stars မှယူထားခြင်း ဖြစ်ပါသည်။ နာရီ၊ မိနစ် ဟူသည် နက္ခတ်များ၏ တည်နေရာကို အံသာ၊ လိတ္တာ (ဒီဂရီ၊ မိနစ်) နှင့်ဖော်ပြသည့်အစား နာရီ၊ မိနစ် နှင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ကြန္တီဟူသည် နက္ခများတည်ရှိရာ လတ္တီတွဒ် ဖြစ်၏။
            ဤဇယားကို ကြည့်ခြင်းဖြင့် နက္ခတ်များ၏ တည်နေရာများ ကွာခြားပုံကို သိနိုင်ပါပြီ။ ထို့ကြောင့် နက္ခတ်များပေါ် မူတည်ထားသော ကျွန်ုပ်တို့ ပြက္ခဒိန်၏ လွဲမှားနိုင်သောအချက်တစ်ချက်ကို မြင်နိုင်ပါသည်။
No comments: