Monday, September 24, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၂၄)

  ၄၊ ၄၊ ၂။ ဒုတိယနည်း

 
က) တနင်္ဂနွေဖုဋဂြိုဟ်စင်ဖြင့် ရှာနည်း


            တနင်္ဂနွေဖုဋဂြိုဟ်စင်ဖြင့် သင်္ကြန်ကျချိန်ကိုတွက်​နိုင်ပါသည်။ တနင်္ဂနွေဖုဋဂြိုလ်စင်ကို သံဒိဋ္ဌပြက္ခဒိန်တွင် သန်းခေါင် ကာလဖြင့်ဖော်ပြထားရာ ၎င်းကို မိဿဝင်ချိန် (သုညရာသီ၊ သုညအံသာ၊ သုညလိတ္တာ) ပြန်ရှာလျှင် သင်္ကြန်ကျချိန်ကို ရပါ သည်။ ထိုသင်္ကြန်ကျချိန်တွင် သင်္ကြန်ကာလကို ထည့်ပေါင်းပေးပါက သင်္ကြန်တက်ချိန်ကို ရပါသည်။

            တနင်္ဂနွေဖုဋဂြိုဟ်စင်ကို သံဒိဋ္ဌပြက္ခဒိန်များမှ ဖတ်ယူနိုင်ပါသည်။

 ဥပမာတွက်နည်း -

 
၁၃၇၄ ခုနှစ်၏ သင်္ကြန်ကျချိန်ကို ရှာခြင်း

 
သင်္ကြန်ကျရက်ဖြစ်သော ၁၃၊ ၄၊ ၂၀၁၂ နေ့ည သန်းခေါင် တနင်္ဂနွေဖုဋဂြိုဟ်စင်မှာ ၀ ရာသီ၊ ၀ အံသာ၊ ၅ လိတ္တာ၊ ၂၅.၂ ၀ိလိတ္တာ ဖြစ်၏။ သင်္ကြန်ကျချိန်မှာ ၀ ရာသီ၊ ၀ အံသာ၊ ၀ လိတ္တာဖြစ်သောကြောင့် ထိုအချိန်ကို ပြန်ရှာရပါမည်။ နီးရာ သန်းခေါင် ချိန်ဖြင့် တွက်ပါမည်။
 

ရာသီ
အံ
လိတ်
၁၃၊ ၄၊ ၁၂ ည သန်းခေါင်
သင်္ကြန်ကျချိန်


            ၎င်းကိုဝိလိတ္တာဖွဲ့လျှင် ၂၄၀ ၀ိလိတ္တာရ၏။ တစ်ရက် (၂၄ နာရီ) တွင်တက်သော ဖုဋတနင်္ဂနွေဂြိုဟ်မှာ ၅၈ လိတ္တာ၊  ၄၅ ၀ိလိတ္တာ (၃၅၂၅ ၀ိလိတ္တာ) ဖြစ်ရာ ၂၄၀ ၀ိလိတ္တာကို နာရီ၊ မိနစ်၊ စက္ကန့် ပြန်တွက်သော် -

 
၂၄၀ x ၂၄
=
၁.၆၃၄ နာရီ (၎င်းကို နာရီ၊ မိနစ်၊ စက္ကန့်ဖွဲ့ပါက ၁ နာရီ၊ ၃၈ မိနစ်၊ ၂.၅၅ စက္ကန့်ရသည်။)
၃၅၂၅

 
ထို့ကြောင့် သန်းခေါင်မတိုင်မီ ၁ နာရီ၊ ၃၈ မိနစ်၊ ၂.၅၅ စက္ကန့် အချိန်တွင် သင်္ကြန်ကျသည်။

နာရီ
မိနစ်
စက္ကန့်
သန်းခေါင်
၂၃
၅၉
၆၀
လျော့ချိန်
၃၈
၂.၅၅
သင်္ကြန်ကျချိန်
၂၂
၂၁
၅၇

 ထိုအခါ သင်္ကြန်ကျချိန် ည ၁၀ နာရီ၊ ၂၁ မိနစ်၊ ၅၇ စက္ကန့် ဟု ရပါသည်။ ဤသည်မှာ ဆရာကာလာစန်၏ သံဒိဋ္ဌပြက္ခဒိန်မှ ဖုဋတနင်္ဂနွေဂြိုဟ်ကို ယူပြီးတွက်ခြင်းဖြစ်၏။ အစိုးရက ထုတ်ပြန်ထားသော သင်္ကြန်ကျချိန် ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် နှင့်ကွဲလွဲနေပါသည်။ အဘယ်ကြောင့်ကွဲလွဲရသနည်းဟူမူ သံဒိဋ္ဌပြက္ခဒိန်တွင် လိတ္တာထိသာပြထားပြီး ၀ိလိတ္တာမပါသော ကြောင့် ဖြစ်ပေ၏။ ဤသည်ကိုကြည့်ခြင်းဖြင့် သင်္ကြန်ကျချိန်တွက်ရန် သံဒိဋ္ဌပြက္ခဒိန်မှ ဖုဋတနင်္ဂနွေဂြိုဟ်စင်သည် အားမကိုးရ ဟုပြောနိုင်ပါသည်။
 

ယခုတစ်ဖန် အမေရိကန်ဂြိုဟ်သွားမှ ဖုဋတနင်္ဂနွေဖြင့် တွက်ကြည့်ပါမည်။

            မြန်မာသံဒိဋ္ဌပြက္ခဒိန်တွင်ဖော်ပြထားသော ဂြိုဟ်များမျာ သန်းခေါင်ဂြိုဟ်များဖြစ်၏။ သို့သော် အမေရိကန်ဂြိုဟ်သွား တွင်မူ နေ့တစ်နေ့၏အစ ၀၀း၀၀ နာရီဖြင့်ဖော်ပြသည်။ အမေရိကန်ပြက္ခဒိန်မှ ဂြိုဟ်များမှာ သာယနဂြိုဟ်များဖြစ်သဖြင့် မြန်မာ စနစ်အတွက် နိရာယနကို ပြန်ပြောင်းပေးရမည်။ ထို့အတွက် ၂၀၁၂၊ ဧပြီလ၏ အယနအံသာကို ဦးစွာရှာရပါမည်။

 

၂၀၁၂ ဇန္န၀ါရီလ၏ အာယနအံသာ =
၂၄
၄၀
ဧပြီလအတွက် ပေါင်းကိန်း =
 
 
၁၄
၂၀၁၂ ဧပြီလ ၏ အာယနအံသာ =
၂၄
၅၄

 
ရာသီ
အံသာ
လိတ္တာ
ဝိလိတ္တာ
၁၄၊ ၄၊ ၁၂။ ၀၀း၀၀ နာရီရှိ ဖုဋတနင်္ဂနွေ =
၂၄
၂၆
၅၄
အယန =
၂၄
၅၄
၁၄၊ ၄၊ ၁၂။ ၀၀း၀၀ နိရာယနဂြိုဟ်စင် =
၂၆

 
၂၆ လိတ္တာ = ၁၅၆၀ ၀ိလိတ္တာ

အမေရိကန်ဂြိုဟ်သွားမှ ဖုဋတနင်္ဂနွေတစ်ရက်တက်နှုံး = ၃၅၂၉ ၀ိလိတ္တာ

ဤသည်ကို အချိန်ပြန်ဖွဲ့လျှင် ၁၀ နာရီ၊ ၃၆ မိနစ်၊ ၃၄ စက္ကန့် ရပါသည်။ (အချိန်တွက်နည်း အထက်တွင်ရှု)

သို့သော် သင်္ကြန်ကျချိန်မှာ ၀ ရာသီ၊ ၀ အံသာ၊ ၀ လိတ္တာ၊ ၀ ၀ိလိတ္တာဖြစ်လေရာ ယခုတွက်ရသောအချိန်မှာ သင်္ကြန်ကျချိန် ထက်ကျော်လွန်သွားသော နာရီများဖြစ်၏။ သင်္ကြန်ကျချိန်ကို သိလိုလျှင် ထိုနာရီများကို ပြန်နှုတ်ပေးရမည်။ 

နာရီ
မိနစ်
စက္ကန့်
သန်းခေါင်
၂၃
၅၉
၆၀
ကျော်လွန်သွားချိန်
၁၀
၃၆
၃၄.၀၀
သင်္ကြန်ကျချိန်(GMT)
၁၃
၂၃
၂၆
စံတော်ချိန်ညှိကိန်း
၃၀
မြန်မာသင်္ကြန်ကျချိန်
၁၉
၅၃
၂၆

 
ထို့ကြောင့် သင်္ကြန်ကျချိန်မှာ ၁၃ နာရီ၊ ၂၃ မိနစ် ၂၆ စက္ကန့်ဖြစ်၏။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာစံတော်ချိန် (အထက်ပါ ပြက္ခဒိန်တွင် UT = Universal Time) ဟု ပြထား၏။) ဖြစ်သည်။ မြန်မာစံတော်ချိန်ပြန်ပြောင်းလိုလျှင် ၆ နာရီခွဲ ထည့်ပေါင်းပေး ရမည်။ ထို့ကြောင့် မြန်မာစံတော်ချိန်ဖြင့် သင်္ကြန်ကျချိန်မှာ ည ၇ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် ဖြစ်သတည်း။ မြန်မာအစိုးရ၏ သင်္ကြန်ကျချိန် ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် နှင့် ၂ နာရီကွာနေပါသည်။

 
(ခ) တနင်္ဂနွေမဓျဂြိုဟ်စင်ဖြင့် ရှာနည်း


            သင်္ကြန်တက်ချိန် တစ်နည်းအားဖြင့် နှစ်ကူးချိန်မှာ တနင်္ဂနွေမဓျဂြိုဟ် မိန်မှ မိဿသို့ ကူးပြောင်းချိန်ဖြစ်၏။ ထို့ကြောင့် မည်သည့်အချိန်တွင် သင်္ကြန်တက်ပြီး နှစ်ကူးသည်ကို သိလိုပါက တနင်္ဂနွေမဓျဂြိုဟ်။ သုညရာသီ၊ သုညအံသာ၊ သုညလိတ္တာ သို့ရောက်ချိန်အား တွက်ယူရမည် ဖြစ်ပါသည်။

 
တနင်္ဂနွေမဓျဂြိုဟ်ကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။

            လိုသောရက်၏ သုဒ္ဓဒိန်ရက်ကို ၈၀၀ ဖြင့်မြှောက်ပြီး ထိုနှစ်၏ ကြမတ်ဖြင့်ပေါင်းပါ။ ထို့နောက် ၁၀၀၀ ဖြင့်ဆက် မြှောက်ပါ။ မြှောက်လဒ်ကို (က) ဟုမှတ်ပါ။ သုဒ္ဓဒိန်ရက်ကို ၆ ဖြင့်မြှောက်ပါ။ မြှောက်လဒ်ကို (ခ) ဟုမှတ်ပါ။ (က) မှ (ခ) ကို နှုတ်ပါ။ နှုတ်ကြွင်းကို ၁၃၅၂၈ ဖြင့်စားလျှင် လိတ္တာပေါင်းရ၏။ ၎င်းကို ရာသီ၊ အံသာ၊ လိတ္တာဖွဲ့လျှင် တနင်္ဂနွေမဓျဂြိုဟ်ကို ရပါသည်။

 
နမူနာတွက်ပုံစံ -

 
၂၀၁၂ ခုနှစ်၏ သင်္ကြန်အတက်ရက်တွင်ရှိသော တနင်္ဂနွေမဓျဂြိုဟ်ကို ရှာပါမည်။

၁၃၇၃ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ = ၂၀၁၁ ဧပြီ ၁၇ ရက်။

၁၃၇၃ ခုနှစ်၏ သင်္ကြန်အတက်ရက် = ၂၀၁၂ ဧပြီ ၁၆ ရက်။

ထို့ကြောင့် ၂၀၁၂၊ ဧပြီ ၁၆ ၏ သုဒ္ဓဒိန်ရက် = ၃၆၆ (၂၀၁၂ သည်ရက်ထပ်နှစ်ဖြစ်သောကြောင့် ဖေဖော်ဝါရီ ၂၉ ဖြစ်၏။)

(သင်္ကြန်တက်ရက်သည် နှစ်မကူးသေးသောကြောင့် ၁၃၇၃ ခုနှစ်ကိုယူရပါမည်။)

၁၃၇၃ ခုနှစ်၏ ကြမတ် = ၁၄၂ (မိမိဘာသာတွက်ယူ၍ ဖြစ်စေ၊ သံဒိဋ္ဌပြက္ခဒိန်တွင်ဖတ်၍ဖြစ်စေ ရယူနိုင်ပါသည်။)
 

သုဒ္ဓဒိန် =
၃၆၆
သုဒ္ဓဒိန် =
၃၆၆
၈၀၀
x
x
၂၉၂၈၀၀
၂၁၉၆
ကြမတ် =
၁၄၂
+
၂၉၂၉၄၂
၁၀၀၀
x
၂၉၂၉၄၂၀၀၀
၂၁၉၆
-
၁၃၅၂၈
၂၉၂၉၃၉၈၀၄
၂၁၆၅၄.၃
လိတ္တာပုံ

 

၆၀
၂၁၆၅၄
၃၆၀
အံသာပုံ
၂၁၆၀၀
၅၄
လိတ္တာ
၃၀
၃၆၀
၁၂
ရာသီ
၃၆၀
အံသာ

 
ထို့ကြောင့် ၁၃၇၃ ခုနှစ် သင်္ကြန်အတက်ရက် (၂၀၁၂၊ ဧပြီ ၁၆) ညသန်းခေါင်ရှိ တနင်္ဂနွေမဓျဂြိုဟ် မှာ ၀ ရာသီ၊ ၀ အံသာ၊ ၅၄ လိတ္တာ၊ ၂၀ ၀ိလိတ္တာ ဖြစ်ပါသည်။ (မှတ်ချက်။       ။ ၁၂ ရာသီကို ၁၂ ရာသီဟု မခေါ်ပါ။ ၁၂ ကိုချေပြီး သုညရာသီ ဟု ခေါ်ပါသည်။)

သင်္ကြန်တက်ချိန်မှာ တနင်္ဂနွေမဓျဂြိုဟ် ၀ ရာသီ၊ ၀ အံသာ၊ ၀ လိတ္တာ၊ ၀ ၀ိလိတ္တာ ရောက်ချိန်ဖြစ်သဖြင့် ထိုအချိန်ကို ပြန်ရှာရပါမည်။ မဓျဂြိုဟ်ကိုကြည့်ခြင်းဖြင့် ဧပြီ ၁၆ ရက်နေ့ညသန်းခေါင်ချိန်တွင် အတာတက်ပြီးအတော်လွန်နေပြီကို သိနိုင်ပါ သည်။ မည်မျှလွန်သနည်းဟူမူ ၅၄ လိတ္တာ၊ ၂၀ ၀ိလိတ္တာ လွန်နေသည်။ ၎င်းကို နာရီ၊ မိနစ်၊ စက္ကန့် ပြန်ပြောင်းယူရပါမည်။

ရာသီ
အံသာ
လိတ္တာ
ဝိလိတ္တာ
၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ညသန်းခေါင် =
၅၄
၂၀
သင်္ကြန်တက်ချိန် =
သင်္ကြန်တက်ချိန်မှ ပိုလွန်သော လိတ္တာ =
၅၄
၂၀
= ၃၂၆၀
ဝိလိတ္တာပုံ
၁၇၊ ၄၊ ၁၂ ညသန်းခေါင် =
၅၃
၂၈
၁၆၊ ၄၊ ၁၂ ညသန်းခေါင် =
၅၄
၂၀
တစ်ရက်တက် မဓျဂြိုဟ် =
၅၉
= ၃၅၄၈
ဝိလိတ္တာပုံ

၃၂၆၀ x ၂၄
=
= ၂၂ နာရီ ၃ မိနစ် ၁ စက္ကန့်
၂၂.၀၅ နာရီ
၃၅၄၈


            ထို့ကြောင့် သင်္ကြန်တက်ချိန်မှာ ၁၆၊ ၄၊ ၁၂ နေ့ည သန်းခေါင်ချိန်မတိုင်မီ ၂၂ နာရီ ၃ မိနစ် ၁ စက္ကန့် အလိုဖြစ်ပါသည်။ သန်းခေါင်ချိန်မှ ထိုနာရီကိုနှုတ်လျှင် သင်္ကြန်တက်ချိန်ရမည်။

နာရီ
မိနစ်
စက္ကန့်
၂၄
၂၂
သင်္ကြန်တက်ချိန် =
၅၆
၅၉

 
ထို့ကြောင့် သင်္ကြန်တက်ချိန်မှာ ၁၆၊ ၄၊ ၁၂ ရက်နေ့ နံနက် ၁ နာရီ၊ ၅၆ မိနစ်၊ ၅၉ စက္ကန့် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ကြေငြာထားသော သင်္ကြန်တက်ချိန်မှာ ၁၆၊ ၄၊ ၁၂ ရက်နေ့ နံနက် ၁ နာရီ၊ ၅၈ မိနစ်၊ ၇ စက္ကန့် ဖြစ်ရာ အနည်းငယ် ကွာနေပါသည်။

 
၎၊ ၄၊ ၃။ တတိယနည်း (ယခင် သင်္ကြန်ကျချိန်၊ တက်ချိန်များမှ ရှာနည်း)


            ယခင်သင်္ကြန်ကျချိန်၊ တက်ချိန်များမှလည်း ယခုနှစ်နှင့် နောင်လာလတ္တံ့သောနှစ်များ၏ သင်္ကြန်ကျချိန်၊ တက်ချိန်များ ကို တွက်ယူ၊ စီရင်နိုင်ပါသေးသည်။ အထက်ဖော်ပြပါနည်းများနှင့်စာလျှင် ဤနည်းမှာ တွက်ရပိုလွယ်သလို၊ သာမန်စာတတ်သူ များပင် တွက်ယူနိုင်သောနည်းလည်း ဖြစ်သဖြင့် လက်တွေ့ပို အသုံးတည့်ပါသည်။

မှတ်ရန်။              ။ (၁) ပျမ်းမျှနေသွားကာလမှာ တစ်နှစ်လျှင် ၃၆၅ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၆ စက္ကန့် ဖြစ်သည်။

              (၂) သင်္ကြန်ကျချိန်နှင့် တက်ချိန်အကြားကာလမှာ ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ် နှင့် ၄၁ စက္ကန့်ခန့် ဖြစ်ပါသည်။

                          (၃) သင်္ကြန်ကျချိန်သည် ည ၇ နာရီ ၅၅ မိနစ်၊ စက္ကန့် ၂၀ ဖြစ်လျှင် ၂ ရက်တိတိ သင်္ကြန်ကြတ်မည်။

      ထိုအချိန်ထက်စောလျှင် ၁ ရက်သာကြတ်မည်။ ထိုအချိန်ထက်နောက်ကျလျှင် ၂ ရက်ကြတ်မည်။   

      အောက်ပါပုံကိုကြည့်ပါ။



ယခုနှစ် သင်္ကြန်ကျချိန်ကို သိလိုလျှင် ယမန်နှစ် သင်္ကြန်ကျချိန်ကို ၃၆၅ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၆ စက္ကန့် ပေါင်း ပေးပြီး တစ်နှစ်ရက်ပြည့်ဖြစ်သော ၃၆၅ ရက်ပြန်နှုတ်ပေးပါ။ သင်္ကြန်တက်ချိန်တွက်နည်းမှာလည်း အတူတူပင်ဖြစ်ပါသည်။

ရက်
နာရီ
မိနစ်
စက္ကန့်
၁၉၉၃ခုနှစ် သင်္ကြန်ကျချိန်
၁၃
၂၃
၅၃
၅၁
တစ်နှစ်ပျမ်းမျှနေသွားကာလ
၃၆၅
၁၂
၃၆.၆
၃၇၉
၂၇.၆
တစ်နှစ်တာကာလရှိ ရက်ပေါင်း
၃၆၅
 
 
 
၁၉၉၄ခုနှစ် သင်္ကြန်ကျချိန်
၁၄
၂၇.၆
ရက်
နာရီ
မိနစ်
စက္ကန့်
၁၉၉၃ခုနှစ် သင်္ကြန်တက်ချိန်
၁၆
၅၈
၃၃
တစ်နှစ်ပျမ်းမျှနေသွားကာလ
၃၆၅
၁၂
၃၆.၆
၃၈၁
၁၀
၁၁
၉.၆
တစ်နှစ်တာကာလရှိ ရက်ပေါင်း
၃၆၅
 
 
 
၁၉၉၄ခုနှစ် သင်္ကြန်တက်ချိန်
၁၆
၁၀
၁၁
၉.၆

 
သင်္ကြန် ကျ၊ တက်ချိန်များကို နှစ်စဉ်ဆက်၍ တွက်နည်း

ရက်
နာရီ
မိနစ်
စက္ကန့်
၂၀၀၉ ခုနှစ် သင်္ကြန်ကျချိန် =
၁၄
၁၅
၃၆
တစ်နှစ်ပျမ်းမျှနေသွားကာလ =
၃၆၅
၁၂
၃၆.၆
၃၇၉
၂၈
၁၃
တစ်နှစ်တာကာလရှိ ရက်ပေါင်း =
၃၆၅
 
 
 
၂၀၁၀ ခုနှစ် သင်္ကြန်ကျချိန် =
၁၄
၂၈
၁၂.၆
၃၆၅
၁၂
၃၆.၆
၃၇၉
၁၅
၄၀
၄၉
၃၆၅
 
 
 
၂၀၁၁ ခုနှစ် သင်္ကြန်ကျချိန် =
၁၄
၁၅
၄၀
၄၉
၃၆၅
၁၂
၃၆.၆
၃၇၉
၂၁
၅၃
၂၆
၃၆၆
 
 
 
၂၀၁၂ ခုနှစ် သင်္ကြန်ကျချိန် =
၁၃
၂၁
၅၃
၂၆
၃၆၅
၁၂
၃၆.၆
၃၇၉
၃၆၅
 
 
 
၂၀၁၃ ခုနှစ် သင်္ကြန်ကျချိန် =
၁၄
၃၆၅
၁၂
၃၆.၆
၃၇၉
၁၀
၁၈
၃၉
၃၆၅
 
 
 
၂၀၁၄ ခုနှစ် သင်္ကြန်ကျချိန် =
၁၄
၁၀
၁၈
၃၉

 
အထက်ပါတွက်နည်းတွင် သတိပြုရမည်မှာ ရက်ထပ်နှစ်၌ ၃၆၆ရက် နှုတ်ပေးရခြင်း ဖြစ်ပါသည်။ ရက်ထပ်နှစ်ဟူသည် အင်္ဂလိပ်နှစ်ကို ၄ ဖြင့်စား။ ပြတ်သောနှစ်သည် ရက်ထပ်နှစ်ဖြစ်၏။

 
ဆက်ပါဦးမည်။

 
အေးငြိမ်း
၂၄ စက်တင်ဘာ၊ ၂၀၁၂ ည ၁၀း၂၅ နာရီ



No comments: