Thursday, May 2, 2013

မြန်မာဘူမိဗေဒ ပညာရှင်များအသင်း (စင်္ကာပူ) ၏ ဆွေးနွေးတင်ပြချက်


Myanmar Transitional Platform (MTP, 2013) ကို ဦးဆောင်ဆွေးနွေး ကြတဲ. ပညာရှင် ပုဂ္ဂိုလ်များ၊ ဒီအခမ်းအနားကို ဖြစ်မြောက်အောင် ဆောင်ရွက် ကြတဲ.ပုဂ္ဂိုလ်များ နဲ. ကူညီပံ့ပိုးပေးကြတဲ. သူများ အားလုံးကို ဦးစွာ ကျေးဇူးတင်စကားပြော ကြားလိုပါတယ်။

မြန်မာဘူမိဗေဒပညာ ရှင်များ အသင်း  Myanmar Geologists Society, Singapore (MGSS) ကို (၁၉၉၆) ခုနှစ် က စတင် ပြီး နှစ်စဉ် ကျင်းပ ပြုလုပ်ခဲ.တဲ. Myanmar Geologists Gathering Party (MGPP) ရဲ. အစဉ်အလာ တွေ ကို အခြေခံပြီး (၂၀၁၀) ခုနှစ်မှာ တရားဝင် မှတ်ပုံတင် ဖွဲ.စည်းခဲ.ပါတယ်။

MGSS အဖွဲ.အစည်းဟာ လူမှုရေး နဲ. နည်းပညာဆိုင်ရာ အဖွဲ.အစည်း (Socio-Technical Society) ဖြစ်ပါတယ်။ ရည်ရွယ်ချက် တွေကတော. ဘူမိသိပ္ပံ(Geosciences) ဆိုင်ရာ ဘာသာရပ်နဲ. နည်းပညာ ဆိုင်ရာ တိုးတက်ဖွံ.ဖြိုးရေး နဲ. အသင်းဝင်တွေ ရဲ. လူမှုရေး ဆိုင်ရာ ကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပေးရေး၊ အသင်းဝင် များ ချစ်ခင်ရင်းနှီး ညီညွတ်မှု ခိုင်မြဲရေး စတာတွေ ပါရှိပါတယ်။

(၁၉၉၀) ပြည်.လွန် ကာလကစပြီး စင်္ကာပူ နိုင်ငံကို ရောက်ရှိလာ တဲ. Geologists တွေဟာ သက်ဆိုင်ရာ ပညာ နယ်ပယ် မှာ လှုပ်ရှား ရပ်တည်ရင်း မိခင်နိုင်ငံ ကို ပညာရပ်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များမှာ တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီခဲ.ကြပါတယ်။ အထူးသဖြင်. မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း (Myanmar Geosciences Society) စတင်တည်ထောင် ခဲ.တဲ. (၂၀၀၃) ခုနှစ် ကစလို. ပိုမိုပူးပေါင်းဆောင်ရွက်ခဲ.၊ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

စင်္ကာပူ နိုင်ငံ အတွင်းမှာ မြန်မာ Geologists တွေဟာ ဘူမိသိပ္ပံဘာသာရပ်ခွဲ တစ်ခု ဖြစ်တဲ. ဘူမိ အင်ဂျင်နီယာ  (Engineering Geology) နဲ.ဘူမိ နည်းပညာ အင်ဂျင်နီယာ (Geotechnical Engineering) ပညာရပ် တို.နဲ. ဆက်စပ် နေတဲ. ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ မှာ အဓိက ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်နေတဲ. လုပ်ငန်းတွေ ကို ပြောရမယ်ဆိုရင်တော.
Ø  ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြိုတင် ပြင်ဆင် စမ်းသပ်ခြင်း (Site Investigation & In-situ Testing)
Ø  ကျောက်နဲ.မြေသားဆိုင်ရာ ဓါတ်ခွဲ စမ်းသပ်မှု (Labortary Testing for Soil & Rock)
Ø  ဆောက်လုပ်ရေး ဘေးထွက်ဖြစ်ရပ်များကို ကရိယာများ တပ်ဆင်၍ တိုင်းတာခြင်း (Geotechnical Instrumentation &  Monitoring)
Ø  မြေသားထုကြံ.ခိုင်အောင်ပြုပြင် ဆောင်ရွက်ခြင်း (Soil Improvement, Piling & Foundation)
Ø  ဥမင်ဒီဇိုင်း၊ စီမံချက်များရေးဆွဲ ခြင်း နှင်. လုပ်ငန်းခွင် ဘေးအန္တရယ် ကင်းရှင်းရေး (Tunnelling Design, Planning & Safety)
Ø  မြေပြင် နှင်. အဆောက်အုံ ဆိုင်ရာ တိုင်းတာခြင်း (Land & Building Surveying)
အဆိုပါ လုပ်ငန်း နယ်ပယ် အဖွဲ. အစည်း  အသီးသီးမှာ အဆင်. အမျိုးမျိုးနဲ.ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။

ယခု Myanmar Transitional Platform (MTP, 2013) ရဲ. ပူးပေါင်းဆောင်ရွက် မှုမှာလည်း မိမိတို. တတ်စွမ်းနိုင်တဲ. ဘက်ကနေ ကူညီ ပါဝင်ဖို. ရှိပါတယ်။

ဆောင်ရွက်နိုင်တဲ. လုပ်ငန်းတာဝန်တွေက တော. အထက်က ဖေါ်ပြခဲ.တဲ.ဘူမိ အင်ဂျင်နီယာ (Engineering Geology) နဲ. ဘူမိနည်းပညာ အင်ဂျင်နီယာ (Geotechnical Engineer) ဆိုင်ရာတို. မှာ ဖြစ်ပါတယ်။
ထပ်ဆင်.ပြီး တင်ပြလိုတာကတော. အတွေ.အကြုံရှိ ပုဂ္ဂိုလ် များမှ ဘူမိသိပ္ပံ သင်ကြားရေး ကဏ္ဍ၊ အဆောက်အအုံ Foundation နဲ. သတ္တုတူးဖော် ထုတ်လုပ်ရေး ကဏ္ဍ တွေမှာ သက်ဆိုင်ရာ ဋ္ဌာန၊ အဖွဲ.အစည်း များနဲ. တွဲဖက်ပါဝင် လုပ်ဆောင် သွားနိုင်ပါတယ်။ ခေတ်မီ တိုးတက်ဖွံ.ဖြိုး တဲ. နိုင်ငံတော်တရပ် ကို စုပေါင်း ပါဝင် ဆောင်ရွက် မှု နဲ. အောင်မြင်အောင် တည်ဆောက် နိုင် မယ်လို.ယုံ ကြည်ပါတယ်။

ယခုလို တက်ရောက်တင်ပြခွင်.ရ တဲ.အတွက် မြန်မာဘူမိဗေဒ ပညာရှင်များ အသင်း (စင်္ကာပူ) ရဲ. ကိုယ်စား ကျေးဇူး တင်စကား ထပ်ဆင်.ပြောကြားရင်း နဲ. နိဂုံး ချူပ်အပ်ပါတယ်။

No comments: